back

ပြည်တွင်း၌ မော်တော်ယာဉ် Wheel Tax ကို Scan ဖတ်ရာ၌ အခြားယာဉ်နံပါတ်များပေါ်နေခြင်း၊ Barcode များ ပျက်နေခြင်းများအတွက် ကညနရုံးများတွင် ပြင်ဆင်ပေးနေ

Mar 14 • 4:07 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌ မော်တော်ယာဉ် Wheel Tax ကို Scan ဖတ်ရာ၌ အခြားယာဉ်နံပါတ်များပေါ်နေခြင်း၊ Barcode များ ပျက်နေခြင်းများအတွက် ကညနရုံးများတွင် ပြင်ဆင်ပေးနေ

ပြည်တွင်း၌မော်တော်ယာဉ် Wheel Tax ကို Scan ဖတ်ရာ၌ အခြားယာဉ်နံပါတ်များပေါ်နေခြင်း၊ Barcode များ ပျက်နေခြင်းများအတွက် ကညနရုံးများတွင် ပြင်ဆင်ပေးနေကြောင်း မော်တော်ယ...

ပြည်တွင်း၌မော်တော်ယာဉ် Wheel Tax ကို Scan ဖတ်ရာ၌ အခြားယာဉ်နံပါတ်များပေါ်နေခြင်း၊ Barcode များ ပျက်နေခြင်းများအတွက် ကညနရုံးများတွင် ပြင်ဆင်ပေးနေကြောင်း မော်တော်ယာဉ်လိုင်စင်များ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများထံမှသိရသည်။ဘားကုတ်တွေ ပျက်နေတာ၊ ယာဉ်နံပါတ်မတူတာတွေ၊ ဘားကုတ်ပေါ်မှာ ရောင်ပြန်စတေကာ အုပ်နေတာတွေကို အခမဲ့ပြင်ပေးနေတယ်။ ပလတ်စတစ် လောင်းထားရင်တော့ ကိုယ့်ဘာသာခွါ ပေးထားဖို့တော့လိုတယ်။ ဘားကုတ်ပျက်နေရင် အသစ်ပြန်ရိုက်ပေးတယ်။ ကားနဲ့ပါတ်နဲ့ ဘားကုတ်လွဲနေရင်လည်း ဘားကုတ်အသစ် ပြန်လုပ်ပေးတယ်။ ကညနရုံးတွေမှာ သွားပြင်လို့ရတယ်။ ကားအုံနာဘုတ်နဲ့ Wheel Tax တော့ယူသွားရမယ်။ ကားယူသွားစရာ မလိုဘူး” ဟု မော်တော်ယာဉ်လိုင်စင်များ ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောကြားသည်။

လာရောက်ပြင်ဆင်သူ အနည်းအများပေါ်မူတည်ပြီး စောင့်ဆိုင်းရမည်ဖြစ်ကာ ကညနရုံးများရှိ ကွန်ပျူတာဌာနတွင် ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


news-view-count-icon

51