back

တနင်္သာရီကမ်းရိုးတန်း၌ အရှေ့တောင်အာရှ သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Mar 14 • 3:10 AM

breaking-news

Myanmar

Tanintharyi

breaking-news
cover

တနင်္သာရီကမ်းရိုးတန်း၌ အရှေ့တောင်အာရှ သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီကမ်းရိုးတန်း ပင်လယ်ရေပြင်တွင် အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်ရေးသုတေသနဗဟိုအဖွဲ့၏ သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနပြုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပ...

တနင်္သာရီကမ်းရိုးတန်း ပင်လယ်ရေပြင်တွင် အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်ရေးသုတေသနဗဟိုအဖွဲ့၏ သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနပြုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး အဆိုပါ သုတေသန လုပ်ငန်းများကို ရက်ပေါင်း ၃၀ ကြာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးဟာ ဂေဟစနစ်နှင့် ငါးသယံဇာတပေါကြွယ်ဝသော ဒေသတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ပင်လယ်ရေပြင်အတွင်း ပလတ်စတစ် ပါဝင်မှုနှုန်းကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း၊ တွေ့ရှိရသည့် ပလတ်စတစ်အမျိုးအစားအလိုက်ခွဲခြား၍ ပလတ်စတစ်လျှော့ချရေး အစီအမံများကိုပါ ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ယခုလို သုတေသနပြုလုပ်ငန်းများသည် ငါးလုပ်ငန်းတစ်ခုတည်းအတွက်သာမက ငါးလုပ်ငန်းနှင့် ဆက်စပ်နေသည့် အခြားသုတေသနလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါ တယ်။သုတေသနလုပ်ငန်းများကို တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၌ ငါးနှင့်ငါးသယံဇာတ နေထိုင်ကျက်စား သည့် ရေအောက်ဇီဝဗေဒသုတေသနအခြေအနေ ဆန်းစစ်သုတေသနပြုရန်၊ ငါးနှင့်ငါးသယံဇာတလုပ်ငန်းများကို စီမံခန့်ခွဲမှုပြုလုပ်ပြီး အထောက်အပံ့ပေးနိုင်ရန်၊ မြန်မာ့ရေပြင်၌ ရေရှည်တည်တံ့နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သုတေသနလုပ်ငန်းများကို ဖေဖော်ဝါရီ (၂၂) ရက်မှ မတ် (၂၂) ရက်အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုသုတေသနပြုလုပ်ခြင်းသည် ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် သုတေသနပြုမှုကို ၂၀၂၆ ခုနှစ်တွင် ပြန်လည်အတည်ပြုသည့် သဘောဖြစ်ကြောင်း၊ ဒီအပြင် ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်လည်း နော်ဝေနိုင်ငံ သုတေသနရေယာဉ်ဖြင့် မြန်မာ့ကမ်းရိုးတန်းတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရပါတယ်။



news-view-count-icon

18