ဒလ-ဆူးလေ ပြေးဆွဲနေသည့် YBS ဘတ်စ်ကားယာဉ်လိုင်းများကို တာဝန်ရှိသူများက စစ်ဆေးပြီးမှသာ ထွက်ခွါခွင့်ပြုကြောင်း သိရသည်။ပြီးခဲ့သည့်လအတွင်းက ဒလ-ဆူးလေ ပြေးဆွဲသည့်ယာဥ်လိုင်းတစ်ခု၏ ကြမ်းခင်းပေါက်ပြဲမှုကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးပြီးနောက် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး YRTC က အကုန်စစ်တယ်။ ကားပိုင်းဆိုင်ရာ ဆိုရင်လည်း မီးသတ်ဘူး အစစအရာရာ ပြည့်စုံမှ ထွက်ခွင့်ပေးတာ” ဟု ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။



