ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဓာတ်မတည့်အမှုန်တွေ၊ ဗိုင်းရပ်စ်တွေအမျိုးမျိုးကို ဘက်စုံကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတစ်မျိုးကို ကြွက်တွေမှာ စမ်းသပ်ခဲ့ကြပါတယ်။ အဆိုပါ နှာခေါင်းဖျန်းကာကွယ်ဆေးဟာ ကာကွယ်ဆေးအများစုထက် အလုပ်လုပ်ပုံ ကွဲပြားပါတယ်။ သာမန်ကာကွယ်ဆေးတွေဆိုရင် ကိုယ်ခံအားစနစ်က ရောဂါပိုးကို မှတ်မိစေကာ တိုက်ထုတ်တဲ့ပုံစံဖြစ်ပေမယ့် ကာကွယ်မှုလမ်းကြောင်း အလွန်ကျဉ်းမြောင်းသလို ရောဂါပိုးတွေကလည်း အချိန်ကြာလာရင် ဗီဇပြောင်းလဲလာနိုင်ပါတယ်။
ယခုနှာခေါင်းဖျန်းကာကွယ်ဆေးကတော့ ကိုယ်ခံအားစနစ် အလိုက်သင့် ပြောင်းလဲစေတဲ့အပြင် ပထမဆုံး ကာကွယ်မှုဖြစ်တဲ့ မျိုးဗီဇလမ်းကြောင်းစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။



