back

ဘန်ကောက်မှာ ဒီနေ့ မိုးသက်လေပြင်း ကျနိုင်ခြေ ၄၀ ရာခိုင်နှုန်း ရှိ

Mar 13 • 3:34 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်မှာ ဒီနေ့ မိုးသက်လေပြင်း ကျနိုင်ခြေ ၄၀ ရာခိုင်နှုန်း ရှိ

ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ မတ်လ ၁၃ ရက်မှာ ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၅၁ ခုမှာ မိုးသက်လေပြင်းတွေ၊ မိုးသီးကြွေတာတွေနဲ့ မိုးသ...

ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ မတ်လ ၁၃ ရက်မှာ ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၅၁ ခုမှာ မိုးသက်လေပြင်းတွေ၊ မိုးသီးကြွေတာတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် ဘန်ကောက် နဲ့ အနီးတစ်ဝိုက်မှာ နေ့လယ်ပိုင်းမှာ ပူပြင်းနိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက် လေပြင်းတိုက်ခတ်တာနဲ့ မိုးထစ်ချုန်းရွာတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အပူချိန်အနေနဲ့ အနိမ့်ဆုံး ၂၅ ကနေ အမြင့်ဆုံး ၃၆ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်က ရွေ့လျားလာတဲ့ အနောက်လေလှိုင်းနဲ့ တရုတ်နိုင်ငံက အလယ်အလတ် လေအေးယဉ်တန်းတို့ ပေါင်းဆုံမှုကြောင့် အခုလို နွေရာသီ မိုးသက်လေပြင်းတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေကြောင့် ထိုင်း မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တဲ့အပြင် လေဝင်လေထွက်အားနည်းမှုကြောင့် မြောက်ပိုင်းနဲ့ ဗဟိုပိုင်းတွေမှာ လေထုညစ်ညမ်းမှု အခိုးအငွေ့တွေက အလယ်အလတ်ကနေ မြင့်မားတဲ့အဆင့်မှာ ရှိနေပါတယ်။ပြည်သူတွေအနေနဲ့ နွေရာသီ မိုးသက်လေပြင်း အန္တရာယ်ကို သတိပြုကြဖို့နဲ့ လွင်ပြင်တွေ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အအုံတွေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေအောက် သွားလာနေထိုင်တာကို ရှောင်ကြဉ်ကြဖို့ အကြံပြုထားပါတယ်။

news-view-count-icon

13