ဇာတ်သဘင်တို့၏ တနှစ်တာအထွဋ်အထိပ် ပဲခူးရွှေမော်ဓေါဘုရားပွဲအား ပရိတ်သတ်တို့ ရင်ခုန်နေ

Mar 12 • 3:32 PM

breaking-news

Myanmar

Bago

cover

ဇာတ်သဘင်တို့၏ တနှစ်တာအထွဋ်အထိပ် ပဲခူးရွှေမော်ဓေါဘုရားပွဲအား ပရိတ်သတ်တို့ ရင်ခုန်နေ

ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲတော်ကို ယခုနှစ်၂၀၂၆ တွင် မတ်လ ၂၇ ရက်နေ့မှ ဧပြီ ၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။ဘုရားပွဲတွင်က...

ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲတော်ကို ယခုနှစ်၂၀၂၆ တွင် မတ်လ ၂၇ ရက်နေ့မှ ဧပြီ ၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။ဘုရားပွဲတွင်ကပြမည့် ဇာတ်သဘင်များတွင် စမ်းရေမိုးနှင့် အောင်ဇဗ္ဗူ ဇာတ်များလည်း ပါဝင်မည်ဖြစ်ရာ ပဲခူးပရိတ်သတ်က ရင်ခုန်စွာ စောင့်စားလျှက်ရှိနေကြသည်။တနှစ်ပတ်လုံး ပွဲရာသီကို ပဲခူးတွင် သိမ်းလေ့ရှိကြသဖြင့် အပြိုင်အဆိုင် ကကြသည့် ပွဲလည်းဖြစ်သကဲ့သို့ ကန်ထရို-က်များကလည်းစာချုပ်လာချုပ်ကြ၊ လူလုကြ၊ နှိုက်ကြ၊ လူပြောင်းကြလေ့ရှိပြီး ဇာတ်သမားများစာချုပ်သစ်ချုပ်ကြ၊ အသုံးကြိုထုတ်ကြဖြင့် မိုးရာသီဇာတ်ခေါင်းကွဲကြလေသည်။ယခုနှစ်တွင်နာမည်ကြီးဇာတ်များဝင်နိုင်အောင် ခေါင်းခဲစွာအားထုတ်ရချိန်တွင် အောင်ဇဗ္ဗူနှင့် စမ်းရေမိုးအပြိုင်ဝင်မည့်သတင်းဖြစ်နေခြင်းက ပဲခူးဘုရားပွဲကို အတိတ်က စည်ကားခဲ့မှုဆီသို့ ပြန်ခေါ်နိုင်မည်လား စောင့်ကြည့်ကြရမည်။



news-view-count-icon

8