ယနေ့ မန္တလေးတွင် စက်သုံးဆီကို QR Code စနစ်ဖြင့် ပထမဦးဆုံးရောင်းချရာ ဆိုင်ကယ်တချို့ Code ထုတ်ယူခြင်း အဆင်မပြေ

Mar 12 • 3:31 PM

breaking-news

Myanmar

Mandalay

cover

ယနေ့ မန္တလေးတွင် စက်သုံးဆီကို QR Code စနစ်ဖြင့် ပထမဦးဆုံးရောင်းချရာ ဆိုင်ကယ်တချို့ Code ထုတ်ယူခြင်း အဆင်မပြေ

မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ မတ်၁၂ရက်မှစတင်၍ QR Code စနစ်ဖြင့် ရောင်းချသည့်စနစ်ကို စတင်စမ်းသပ်ကျင့်သုံးရာ၌ တချို့မော်တော်ဆိုင်ကယ်များအတွက်...

မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ မတ်၁၂ရက်မှစတင်၍ QR Code စနစ်ဖြင့် ရောင်းချသည့်စနစ်ကို စတင်စမ်းသပ်ကျင့်သုံးရာ၌ တချို့မော်တော်ဆိုင်ကယ်များအတွက် Code ထုတ်ပေးရန် အဆင်မပြေမှုများရှိခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်၏ Wheel Tax(ဒစ္စဝိုင်း)ကို အရောင်းဆိုင်ဝန်ထမ်းသို့ပေးအပ်ပြီး ဝန်ထမ်းက Application တွင် ယာဉ်နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များဖြည့်သွင်းကာ QR Code ထုတ်ပေးရခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တရက်အတွင်း ၂ ကြိမ်(သို့မဟုတ်) ၃ ကြိမ် တန်းစီ ဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် QR Code စနစ်ဖြင့် စိစစ်ရောင်းချသည့်ပုံစံကို ပြောင်းလဲထားခြင်းဖြစ်သည်။




news-view-count-icon

34