ပြည်တွင်း ပြောင်းကုန်သွယ်ရေးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရန် ပြင်ဆင်နေ

Mar 12 • 7:23 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း ပြောင်းကုန်သွယ်ရေးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရန် ပြင်ဆင်နေ

ပြည်တွင်း ပြောင်းလုပ်ငန်းကုန်သွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြောင်းကုန်သွယ်ရေးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အ...

ပြည်တွင်း ပြောင်းလုပ်ငန်းကုန်သွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြောင်းကုန်သွယ်ရေးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းမှ သိရပါတယ်။ လက်ရှိမှာလည်း ပြောင်းလုပ်ငန်းကုန်သွယ်ရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကို လုပ်ဆောင် နိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ ဘဏ်လုပ်ငန်းကဏ္ဍများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက် ရန်စီစဉ်နေကြောင်းလည်း သိရပါတယ်။ပြောင်းလုပ်ငန်းကဏ္ဍရဲ့ ကုန်သွယ်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုခေတ်မီတိုးတက်စေဖို့နဲ့ ပြောင်းထွက်ကုန်တွေရဲ့ ဈေးကွက်ချိတ်ဆက်မှုတွေ တိုးချဲ့နိုင်ဖို့ စီစဉ်သွားမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုသို့ ငွေပေးချေမှုလုပ်ငန်းစဉ်များကို ဒစ်ဂျစ်တယ်နည်းလမ်းများနဲ့ ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြောင်းစိုက် ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ရောင်းချသူကုန်သည်များ၊ ထုတ်လုပ်ရေးနှင့် ပြောင်းအခြေပြုစက်မှုလုပ် ငန်းများအကြားတွင်လည်း ငွေပေးချေမှုပိုမိုလျင်မြန်တိကျလာစေခြင်း၊ လုပ်ငန်းဆိုင်ရာအချက်အလက်များကို စနစ်တကျမှတ်တမ်းတင်နိုင်ရန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အန္တရာယ်များ လျော့နည်းစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရပါတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုများမှရရှိလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များသည် ပြောင်းထုတ်လုပ်ရေး နှင့် ကုန်သွယ်ရေးကဏ္ဍရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် အထောက်အကူပြုစေနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ပြောင်းလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင် နိုင်ရေးအတွက် နည်းပညာအသစ်များ၊ ဒစ်ဂျစ်တယ်စနစ်များနှင့်ခေတ်မီစီးပွားရေးလုပ်ငန်းစဉ်များကို ဆက်လက် မြှင့်တင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြောင်းလုပ်ငန်းကဏ္ဍ၏ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်း တည်ဆောက်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဖိတ်ခေါ် လျက်ရှိကြောင်းသိရပါတယ်။

news-view-count-icon

23