မွန်ပြည်နယ် ဆားလုပ်ငန်း ယမန်နှစ်က ရာသီဥတုမတည်ငြိမ်မှုနှင့် လုပ်သားရှားပါးမှုပြဿနာများကြောင့် ဆားထုတ်လုပ်မှုလျော့ကျကာ အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်ဆားရာသီတွင် ဆားပိဿာချိန်ပိုမိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြကြောင်း ဆားလုပ်ငန်းရှင်များက ဆိုသည်။ယခုနှစ်ဆားရာသီတွင် အလုပ်သမားလုံလောက်မှုရှိနေပြီး ရာသီဥတုအခြေအနေ တည်ငြိမ်နေအတွက် ဆားလုပ်ငန်းရှင်များ ဆားကြုံးနိုင်မှုအရေအတွက် ၆ ကြိမ်အထိရှိပြီး အလေးချိန်အားဖြင့် ရေးနှင့်သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင်တစ်ဦးလျှင် ပိဿာ ၈ သောင်းအထိ ရရှိနေပြီးဖြစ်သည်။ထို့ကြောင့် ယမန်နှစ်က ဆုံးရှုံးမှုများ ပြန်လည်ကုစားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ရေးမြို့နယ် ပလိုင်ကီးရွာမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်၌ ယမန်နှစ်က အရှုံးပေါ်ခဲ့သည့် ဆားလုပ်ငန်း ပြန်လည်ကုစားနိုင်ရန် ဆားလုပ်ငန်းရှင်များကြိုးပမ်း
Mar 12 • 4:45 AM
Myanmar
Mon
Share
| 19 | 0 | 0 | 0 |


