စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ တနှစ်ဝန်းကျင် ရှိလာပေမဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေကတော့ ပြန်လည်ဆောက်လုပ်ခွင့် မရသေးဘူးလို့ အစ္စလာမ်ဘာသာရေးအသိုက်အဝန်းက ပြောပါတယ်။၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတိုင်းက ၁၇ မြို့နယ်မှာ ဗလီပေါင်း ၁၅၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၆ လုံး၊ ပဲခူးတိုင်းမှာ ၈ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂ လုံး၊ နေပြည်တော်မှာ ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဗလီပြန်ဆောက်ခွင့်ရရေး ဆောင်ရွက်နေသူတွေရဲ့ စာရင်းအရ သိရပါတယ်။ရှေးဟောင်းဗလီတွေဟာ သာသနာ့မြေအနေနဲ့ ဂရန်မပေါက်ထားတဲ့အတွက် ပြန်ဆောက်လုပ်ခွင့်တင်တဲ့အခါ ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်အထောက်အထားတွေပြဖို့ လိုအပ်ချက်တွေ ရှိနေသလို သာသနာ့နယ်မြေဖြစ်ကြောင်း အထောက်အထားပြနိုင်တဲ့ ဗလီတွေကိုလည်း တခြားအကြောင်းပြချက်တွေနဲ့ ပြန်လည်ဆောက်လုပ်ခွင့် မပေးသေးတာ ဖြစ်ပါတယ်။ငလျင်မှာ ပျက်စီးခဲ့တဲ့ ဗုဒ္ဓဘာသာအဆောက်အအုံ အများစုကိုတော့ ပြန်လည်ပြင်ဆင်ခွင့် ပေးထားပေမဲ့ တခြား ဘာသာရေးအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ခွင့် ရဖို့အတွက်တော့ ကန့်သတ်မှုတွေ ကြုံနေရတယ်လို့ ဗလီပြန်ဆောက်ခွင့်ရရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများ ပြန်ဆောက်ခွင့်မရသေး
Mar 12 • 3:22 AM
Myanmar
Sagaing
Share
| 11 | 0 | 0 | 0 |


