မန္တလေးမှ လမ်းဘေးဆီဆိုင်များ၌လည်း ဆီဈေး သုံးဆနီးပါးမြင့်တက်ရောင်းချလာ

Mar 11 • 3:03 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးမှ လမ်းဘေးဆီဆိုင်များ၌လည်း ဆီဈေး သုံးဆနီးပါးမြင့်တက်ရောင်းချလာ

လက်ရှိတွင် မန္တလေးမြို့အခြေစိုက် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ်များမှာ ဆီဆိုင်များတွင် အချိန်ပေး၍ တန်းစီဝယ်ယူနေရပြီး အလျင်အမြန်လိုအပ်သူများမှာ တရားမဝင်ရောင်...

လက်ရှိတွင် မန္တလေးမြို့အခြေစိုက် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ်များမှာ ဆီဆိုင်များတွင် အချိန်ပေး၍ တန်းစီဝယ်ယူနေရပြီး အလျင်အမြန်လိုအပ်သူများမှာ တရားမဝင်ရောင်းချနေသော လမ်းဘေးဆီဆိုင်များ၌ အလျင်စလိုဝယ်ယူသုံးစွဲကြရသလို ယင်းဆိုင်များက ဈေးနှုန်းများမြင့်တက်ရောင်းချလာခြင်းဖြစ်သည်။လမ်းဘေးဆီဆိုင်အများစုမှာ သုံးဘီးဆိုက်တွဲများ၊ မီနီအိုးဝေများကိုအသုံးပြု၍ စက်သုံးဆီအရောင်းဆိုင်ကြီးများမှ ရည်ညွှန်းသတ်မှတ်စျေးများအတိုင်း ဝယ်ယူလာပြီး တစ်ဆင့်ပြန်လည်ရောင်းချမှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိအချိန် လမ်းဘေးဆီဆိုင်များတွင် ဓာတ်ဆီ (92 Ron) တစ်လီတာလျှင် ကျပ် ၈၀၀၀ နှုန်းအထိမြင့်တက်ရောင်းချလာပြီး ဆီဆိုင်နည်းပါးသော မြို့အစွန်အဖျားဒေသများတွင်မူ ၁၂၀၀၀ ကျပ်နှုန်းအထိ ရောင်းချလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


news-view-count-icon

16