back

ရန်ကုန်မြို့တွင် ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Mar 11 • 3:00 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင် ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ Park Royal Hotel တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် အသင်းဝင် Rice Exporter ကုမ္ပဏီများ ပူးပေါင်းပြီး ...

ရန်ကုန်မြို့၊ Park Royal Hotel တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် အသင်းဝင် Rice Exporter ကုမ္ပဏီများ ပူးပေါင်းပြီး ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အဆိုအရ ၂၀၂၅ - ၂ ၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုသည် မတ်လ (၁၀) ရက်အထိ တန်ချိန် (၂,၅၀၆,၀၅၀)မက်ထရစ်တန် တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုတင်ပို့နိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ်ကုန်မတိုင်မီ တတ်နိုင်သမျှ ပို့ကုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများအရ အထူးဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။


news-view-count-icon

14