မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ကျောက်ဝိုင်းအတွင်း ယမန်နေ့ (မတ်လ ၁၀ ရက်) ည ၆ နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း နယ်မြေခံမီးသတ်စခန်းများမှ သိရသည်။ကျောက်ဝိုင်းအဝင်ပေါက်မှ အလယ်ခေါင်ဆိုင်ခန်းနေရာများအထိ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ ကျော်ခန့်အတွင်း ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ၎င်းတို့ကဆိုသည်။



