back

ရွာငံမြို့တွင်ဂျင်းဈေးနှုန်း (၃) နှစ်ဆက်တိုက် ကျဆင်းမှုကြောင့် ဂျင်းစိုက်တောင်သူများ အရှုံးပေါ်နေ

Mar 11 • 12:30 PM

breaking-news

Myanmar

Shan

cover

ရွာငံမြို့တွင်ဂျင်းဈေးနှုန်း (၃) နှစ်ဆက်တိုက် ကျဆင်းမှုကြောင့် ဂျင်းစိုက်တောင်သူများ အရှုံးပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ယခင်က ဈေးကောင်းရရှိခဲ့သည့်ဂျင်းမှာ ၂၀၂၄ ခုနှစ်ဝန်းကျင်မှစ၍ ယခု ၂၀၂၆ ခုနှစ်အထိ ဈေးကွက်ဝယ်လိုအား နည်းပါးခြင်းနှင့် လမ်း...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ယခင်က ဈေးကောင်းရရှိခဲ့သည့်ဂျင်းမှာ ၂၀၂၄ ခုနှစ်ဝန်းကျင်မှစ၍ ယခု ၂၀၂၆ ခုနှစ်အထိ ဈေးကွက်ဝယ်လိုအား နည်းပါးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဈေးနှုန်းထိုးကျနေခြင်းဖြစ်သည်။ဂျင်းစိုက်ပျိုးရာတွင် မျိုးဂျင်းဖိုး၊ မြေဩဇာနှင့် လုပ်အားခစရိတ်များမှာ နှစ်စဉ် မြင့်တက်နေသော်လည်း ဝယ်ယူသူ နည်းပါးခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှုဖြစ်နေခြင်းဟာ တောင်သူများအကြပ်အတည်းပိုဖြစ်စေကြောင်း ၎င်းကဆက်ပြောသည်။ထိုကဲ့သို့ (၃) နှစ်ဆက်တိုက် အရှုံးပေါ်နေမှုကြောင့် ယခုနှစ်တွင် ဂျင်းစိုက်ပျိုးမှုအစား ပဲငုတ်တုတ်ကို အစားထိုးသီးနှံအဖြစ်စိုက်ပျိုးဖို့ရည်ရွယ်ထားကြောင်း သိရသည်။လက်ရှိ ကြုံတွေ့နေရသည့် အကျပ်အတည်းအတွက် ဂျင်းကို ကုန်ကြမ်းအတိုင်း ရောင်းချမည့်အစား ဂျင်းခြောက်၊ ဂျင်းမှုန့်ကဲ့သို့ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်မှုများ ရရှိရန် လိုအပ်နေကြောင်း သိရည်။





news-view-count-icon

12