back

ဟော်မုဇ်ရေလက်ကြား၌ ထိုင်းကုန်တင်သင်္ဘော ပစ်ခတ်ခံရကာ မီးလောင်ကျွမ်း၊ သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေ

Mar 11 • 10:14 AM

breaking-news

Thailand

Local News

breaking-news
cover

ဟော်မုဇ်ရေလက်ကြား၌ ထိုင်းကုန်တင်သင်္ဘော ပစ်ခတ်ခံရကာ မီးလောင်ကျွမ်း၊ သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေ

​ထိုင်းရေတပ်၏ ယနေ့ (မတ်လ ၁၁ ရက်) ထုတ်ပြန်ချက်အရ၊နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အိန္ဒိယနိုင်ငံသို့ ဦးတည်ထွက်ခွာလာသော ထိုင်း...

​ထိုင်းရေတပ်၏ ယနေ့ (မတ်လ ၁၁ ရက်) ထုတ်ပြန်ချက်အရ၊နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အိန္ဒိယနိုင်ငံသို့ ဦးတည်ထွက်ခွာလာသော ထိုင်းအလံတင် ကုန်တင်သင်္ဘော "မယုရီ နာရီ" (Mayuree Naree) သည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းအပြီးတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် သင်္ဘောမီးလောင်ကျွမ်းခဲ့ပြီး သင်္ဘောသား ၂၃ ဦးစလုံး သင်္ဘောကို စွန့်ခွာခဲ့ရကာ ၃ ဦး ပျောက်ဆုံးလျက်ရှိသည်။ပစ်ခတ်ခံရမှုကြောင့် သင်္ဘောပဲ့ပိုင်းရှိ အင်ဂျင်ခန်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သင်္ဘောကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။ အခြေအနေဆိုးရွားမှုကြောင့် သင်္ဘောပေါ်ပါရှိသည့် သင်္ဘောသား ၂၃ ဦးစလုံး အသက်အန္တရာယ်လုံခြုံရေးအတွက် သင်္ဘောကို စွန့်ခွာခဲ့ရသည်။သင်္ဘောသားများအနက် ၃ ဦးမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ ထိုင်းရေတပ်အနေဖြင့် ဒေသတွင်းရှိ ရေကြောင်းလုံခြုံရေး အဖွဲ့အစည်းများနှင့် အရေးပေါ် ချိတ်ဆက်ကာ ပျောက်ဆုံးနေသူများကို ရှာဖွေရေးနှင့် ကျန်သင်္ဘောသားများကို ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း လုပ်ဆောင်လျက်ရှိသည်။ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်ခဲ့သည်ဟူသော အချက်အလက်ကိုမူ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကမ္ဘာ့ရေနံနှင့် ကုန်သွယ်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားတွင် ယခုကဲ့သို့ စီးပွားရေးကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံတကာ ရေကြောင်းလုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။



news-view-count-icon

26