၁၁.၃.၂၀၂၆ ရက်ယနေ့၊ ၁၂ နာရီ၅၅မိနစ် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါယာဥ်တိုက်မှုအကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါတယ် ။ ၁၃ နာရီ၁၀မိနစ် အချိန်တွင် ယာဉ်ခေါင်းခန်းအတွင်းညပ်နေသော ကျား(၁)ဦး (မစိုးရိမ်ရ)အား မြို့ဦးလုလင်ပရဟိတအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။



