ပြည်ပမှတင်သွင်းလာတဲ့မော်တော်ယာဉ်တွေ(၂၀၁၈ခုနှစ်ကနေ၂၀၂၀ခုနှစ်အတွင်း ) သတ်မှတ်ရက်တွေ အတွင်း မှတ်ပုံမတင်ထားပါက တည်ဆဲဥပဒေအရအရေးယူဖို့ရှိတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနကနေထုတ်ပြန်လိုက်ပါတယ်။၂၀၁၈ခုနှစ်ကတင်သွင်းခွင့်လိုင်စင်ပေးထားတဲ့ယာဉ်တွေအနေနဲ့ ၂၀၂၆ခုနှစ်၊ဧပြီလ၊၃၀ရက်နောက်ဆုံး ထားပြီးလည်းကောင်း၊၂၀၁၉ခုနှစ်ကတင်သွင်းခွင့်လိုင်စင်ပေးထားတဲ့ယာဉ်တွေအနေနဲ့ ၂၀၂၆ခုနှစ်၊မေလ၊၃၁ရက်နောက်ဆုံး ထားပြီးလည်းကောင်း၊၂၀၂၀ခုနှစ်ကတင်သွင်းခွင့်လိုင်စင်ပေးထားတဲ့ယာဉ်တွေအနေနဲ့ ၂၀၂၆ခုနှစ်၊ဇွန်လ၊၃၀ရက်နောက်ဆုံး ထားပြီးလည်းကောင်း၊ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းတွေပြီးပြတ်အောင်လုပ်ဆောင်ထားရမှာဖြစ် တယ်လို့ သိရပါတယ်။



