မတ်လ ၉ ရက်နေ့ ၁၁နာရီ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အေးရိပ်မွန်(၅)လမ်းတွင် ချစ်ကို(ခ)ဖိုးသေး မောင်းနှင်ပြီး ဟိန်းမင်းဝင်းနိုင်(ခ)အဟုန်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ချစ်ကို(ခ)ဖိုးသေး(၃၃)နှစ် နှင့် ဟိန်းမင်းဝင်းနိုင်(ခ)အဟုန်း(၃၅)နှစ်တို့အား ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



