မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက်တွင် စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် သာစည်မြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၁၇ ဒသမ ၂၃၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၃၂,၂၁၇,၉၀၈ ကျပ်) နှင့် လိုင်စင်ရှိ သစ်တင်ယာဉ် Mazada Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၆၂,၂၁၇,၉၀၈ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



