back

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းကမ်းပါးတည်ဆောက်မှု ကွင်းဆင်းစစ်ဆေး

Mar 10 • 5:58 AM

breaking-news

Myanmar

Shan

cover

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းကမ်းပါးတည်ဆောက်မှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးရာသီကာလ ရေကြီးရေလျှံမှုနှင့် ကမ်းပါးပြိုကျမှုများ ကာကွယ်ရန် ဆောင်ရွက်နေသည့် မယ်ဆိုင်ချောင်းကမ်းပါး တည်ဆောက်ရေးလ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးရာသီကာလ ရေကြီးရေလျှံမှုနှင့် ကမ်းပါးပြိုကျမှုများ ကာကွယ်ရန် ဆောင်ရွက်နေသည့် မယ်ဆိုင်ချောင်းကမ်းပါး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် မွန်းလွှဲပိုင်းတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သော အဖွဲ့သည် ပုန်းထွန်ရပ်ကွက်ရှိ လုပ်ငန်းခွင်၌ စီမံကိန်းတိုးတက်မှုကို ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် စီမံကိန်းမှာ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမည့် ဧပြီလအတွင်း အပြီးသတ်တည်ဆောက်ကာ မြစ်ကြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

news-view-count-icon

17