၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် အပါအဝင် မြို့နယ်အတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့တွင် နံနက် ၇ နာရီမှ ၈ နာရီအထိ တစ်နာရီခန့် မိုးရွာသွန်းရုံဖြင့် လမ်းမပေါ်ရေလျှံခဲ့ခြင်းဖြစ်ပြီး၊ ချောင်းကာနံရံလုပ်ငန်းများ မပြီးစီးသေးခြင်းကြောင့် လာမည့်မိုးရာသီအတွက် ဒေသခံများက စိုးရိမ်လျက်ရှိသည်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ မတ်လ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးအသင့်အတင့် ရွာနိုင်သော်လည်း ရေကြီးနိုင်သည့် မိုးရေချိန်အထိ မရှိနိုင်ကြောင်း သိရသော်လည်း လက်ရှိတွင် တာချီလိတ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်အရှေ့ပိုင်း မြို့များတွင် မိုးရွာသွန်းပြီး တာချီလိတ်၌ လမ်းမပေါ် ရေလျှံ
Mar 10 • 5:57 AM
Myanmar
Shan
Share
| 44 | 0 | 0 | 0 |


