back

ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောမြေနှင့် အစိုးရမြေများ၌ တရားမဝင် မြေအသုံးချမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးမည်

Mar 10 • 5:23 AM

breaking-news

Myanmar

Mandalay

cover

ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောမြေနှင့် အစိုးရမြေများ၌ တရားမဝင် မြေအသုံးချမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးမည်

ပြင်ဦးလွင်မြို့နယ်အား စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင် မြေအ...

ပြင်ဦးလွင်မြို့နယ်အား စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင် မြေအသုံးချမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စစ်ဆေးသွားမည်ဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မတ်လ ၈ ရက်နေ့က ပြင်ဦးလွင်အတွင်းရှိ သစ်တောမြေများ၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် အသုံးချနေမှုများကို ကနဦး ကြည့်ရှုစစ်ဆေးခဲ့သည်။ လက်ရှိတွင် သစ်တောထိန်းသိမ်းရေးနှင့် တောမီးအန္တရာယ် ကာကွယ်ရေးအတွက် လေယာဉ်ဖြင့် ကင်းလှည့်စစ်ဆေးခြင်းများကိုလည်း ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

12