တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ရာဇဝတ်မှုများကို ယခုနှစ်အတွင်း ပိုမိုပြင်းထန်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း အစိုးရရှေ့နေချုပ်ရုံး၏ လုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း ထိုကဲ့သို့သော ရာဇဝတ်မှုများဖြင့် လူပေါင်း ၆၉,၀၀၀ ခန့်ကို တရားစွဲဆိုခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်ကာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ လိမ်လည်မှု၊ လူသတ်မှုနှင့် နာကျင်စေမှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ ၂၈၅ ဦးကိုလည်း တရားစွဲဆိုထားကြောင်း သိရသည်။ တရုတ်အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းသွားမည် ဖြစ်သည်။
| 10 | 0 | 0 | 0 |


