ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေး H.E. Mr. Kallayana Vipattipumiprates တို့သည် မတ်လ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ပျက်စီးနေသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပုံမှန်အနေအထားသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဈေးကွက်အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စများကိုလည်း အလေးထား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
Mar 10 • 5:07 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


