back

အသက်(၄၀)ကျော်အရွယ် ဆေးခြောက်သုံးသူများဘာတွေဖြစ်လာလဲ

Mar 10 • 4:56 AM

breaking-news

Myanmar

Local

breaking-news
cover

အသက်(၄၀)ကျော်အရွယ် ဆေးခြောက်သုံးသူများဘာတွေဖြစ်လာလဲ

လေ့လာချက်အသစ်ထဲမှာ သက်လတ်ပိုင်းလူတွေနဲ့ သက်ကြီးပိုင်းလူတွေမှာ ဆေးခြောက်အသုံးပြုသူတွေအနေနဲ့ ဦးနှောက်နဲ့ အသိဉာဏ်အကျိုးကျေးဇူးများ ရနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိလာပ...

လေ့လာချက်အသစ်ထဲမှာ သက်လတ်ပိုင်းလူတွေနဲ့ သက်ကြီးပိုင်းလူတွေမှာ ဆေးခြောက်အသုံးပြုသူတွေအနေနဲ့ ဦးနှောက်နဲ့ အသိဉာဏ်အကျိုးကျေးဇူးများ ရနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိလာပါတယ်။ သုတေသနအရ အမေရိကန်မှာ အသက် ၅၀ မှ ၆၄ နှစ်အတွင်း လူတွေမှာ ၅ ဦးလျှင် ၁ ဦးနှုန်းနီးပါးက ဆေးခြောက်အသုံးပြုနေပါတယ်။ အသက်ကြီးသူတွေမှာ ဆေးခြောက်ပိုမိုသုံးလာကြပြီး ပိုမိုရရှိလာနိုင်သလို အိပ်စက်မှု၊ နာတာရှည်ကိုက်ခဲမှုတို့အတွက် အသုံးပြုကြတယ်လို့ ကိုလိုရာဒိုအန်ရှက်ဇ်ဆေးတက္ကသိုလ်မှ စိတ်အထူးကု ဒေါက်တာ အန်နီကာဂူဟာက ပြောပါတယ်။ အသက်ကြီးလာတဲ့အခါ ဆေးခြောက်အသုံးပြုခြင်းရဲ့ ရေရှည်သက်ရောက်မှုတွေကို သိလာမှရပါမယ်လို့ ဆိုပါတယ်။ ဂူဟာနဲ့အဖွဲ့က ယူကေမှာနေထိုင်တဲ့ ပျမ်းမျှအသက် ၅၅ နှစ်ရှိတဲ့ လူပေါင်း ၂၆,၃၆၂ ဦးထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။


news-view-count-icon

30