back

ပေါ်တူဂီသမ္မတသစ်အန်တိုနီယို ဟိုဆေးဆီဂူရိုထံ ရှီ ဂုဏ်ပြုသဝဏ်လွှာပို့

Mar 10 • 4:20 AM

breaking-news

China

Local News

cover

ပေါ်တူဂီသမ္မတသစ်အန်တိုနီယို ဟိုဆေးဆီဂူရိုထံ ရှီ ဂုဏ်ပြုသဝဏ်လွှာပို့

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီနိုင်ငံ၏ သမ္မတသစ်အဖြစ် တာဝန်ယူမည့် အန်တိုနီယို ဟိုဆေး ဆီဂူရို ထံသို့ မတ်လ ၉ ရက် (တနင်္လာနေ့) တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပ...

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီနိုင်ငံ၏ သမ္မတသစ်အဖြစ် တာဝန်ယူမည့် အန်တိုနီယို ဟိုဆေး ဆီဂူရို ထံသို့ မတ်လ ၉ ရက် (တနင်္လာနေ့) တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ သမ္မတရှီက နှစ်နိုင်ငံအကြား ၄၇ နှစ်ကြာ တည်ရှိခဲ့သည့် သံတမန်ဆက်ဆံရေးနှင့် မကာအိုပြဿနာကို စနစ်တကျဖြေရှင်းနိုင်ခဲ့သည့် အစဉ်အလာကောင်းများကို အလေးထားဖော်ပြခဲ့သည်။ ထို့ပြင် ရှီကျင့်ဖျင်က ပေါ်တူဂီသမ္မတသစ်နှင့်အတူ လက်တွဲကာ မဟာဗျူဟာမြောက် ယုံကြည်မှုကို မြှင့်တင်ရန်၊ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဖော်ဆောင်ရန် အသင့်ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

8