back

ရန်ကုန်၌ ပထမဆုံးအကြိမ် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းကို ကျောင်းသား ၂၀၀ ကျော်ဖြင့် စတင်ဖွင့်လှစ်

Mar 10 • 2:09 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၌ ပထမဆုံးအကြိမ် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းကို ကျောင်းသား ၂၀၀ ကျော်ဖြင့် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အာကာသနည်းပညာကဏ္ဍအတွက် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးရန် ရည်ရွယ်၍ "အာကာသနည်းပညာအခြေခံ နွေရာသီအခမဲ့သင်တန်း" ဖွင့်ပွဲကို မတ်လ ၉ ရက် နံနက်ပိုင်းတွင...

မြန်မာနိုင်ငံ၏ အာကာသနည်းပညာကဏ္ဍအတွက် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးရန် ရည်ရွယ်၍ "အာကာသနည်းပညာအခြေခံ နွေရာသီအခမဲ့သင်တန်း" ဖွင့်ပွဲကို မတ်လ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံအာကာသအေဂျင်စီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ Grade 9 မှ Grade 11 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၇ ဦး တက်ရောက်ကြမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ကာ ကျောင်းသားလူငယ်များအနေဖြင့် သီအိုရီသာမက လက်တွေ့စမ်းသပ်မှုများတွင်လည်း တက်ကြွစွာ ပါဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

news-view-count-icon

31