အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာအရင်တုန်းက သူ့ရဲ့ရှိုးပွဲတွေလုပ်တိုင်း ကလေးတွေအတွက် ရည်ရွယ်ကာ ကစားကွင်းတွေ ထည့်ဆောက်ပေးခဲ့တယ်လို့ စိုင်းစိုင်းကပြောပါတယ်။ ဒီတခါလည်း စိုင်းစိုင်းပွဲကျင်းပပါက ဖေဖေ၊ မေမေတို့အတွက် ကလေးကစားကွင်းတွေ ထည့်ဆောက်ပေးမယ့် အကြောင်း စိုင်းစိုင်းကပြောပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ဧပြီလမှာကျရောက်မယ့် သူ့ရဲ့ မွေးနေ့ရှိုးပွဲကို နှစ်တိုင်းကျင်းပလေ့ရှိပေမယ့် အချို့နှစ်တွေမှာ အကြောင်း အမျိုးမျိုးကြောင့် ပျက်ခဲ့ရတာတွေရှိပါတယ်။



