၁၀.၃.၂၀၂၆ ရက်ယနေ့၊ ၀၅နာရီ ၁၂ မိနစ်အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးအုပ်စု၊ ကျွန်းညိုကြီးကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၅နာရီ ၂၅ မိနစ်အချိန် မီးငြိမ်းပါသည်။



