back

မိတ္ထီလာမှာ ဆိုင်ကယ်တွေဆီဝယ်ရင် လိုင်စင်မိတ္တူ တောင်းနေ

Mar 09 • 1:18 PM

breaking-news

Myanmar

Mandalay

cover

မိတ္ထီလာမှာ ဆိုင်ကယ်တွေဆီဝယ်ရင် လိုင်စင်မိတ္တူ တောင်းနေ

ဒီကနေ့ မတ်လ ၉ ရက် မနက်ပိုင်းက မိတ္ထီလာမြို့ရှိ စက်သုံးဆီဆိုင်အချို့သို့ သွားရောက်ဆီဝယ်ခဲ့သူတွေ ပြောကြားချက်အရ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ် ၅,၀၀၀ ဖိုးနှုန်းသာ...

ဒီကနေ့ မတ်လ ၉ ရက် မနက်ပိုင်းက မိတ္ထီလာမြို့ရှိ စက်သုံးဆီဆိုင်အချို့သို့ သွားရောက်ဆီဝယ်ခဲ့သူတွေ ပြောကြားချက်အရ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ် ၅,၀၀၀ ဖိုးနှုန်းသာ ကန့်သတ် ရောင်းချပေးနေကြောင်း၊ ထိုသို့ ရောင်းချရာမှာလည်း ဆိုင်ကယ်လိုင်စင်ဒစ်ဝိုင်း မိတ္တူပါရှိမှသာ ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း ဆီဆိုင်တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ဒါ့အပြင် သက်တမ်းလွန်နေတဲ့၊ လိုင်စင်မရှိသေးတဲ့ မော်တော်ဆိုင်ကယ်တွေလည်း ဆီဝယ်ယူခွင့်မရတာကြောင့် ရွာတွေဘက်က ပြည်သူတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။မိတ္ထီလာမြို့မှာ မော်တော်ယာဥ်နဲ့ မော်တော်ဆိုင်ကယ်တွေ သတ်မှတ်ထားတဲ့ စုံ/မ ရက်အတိုင်း မောင်းနှင်ကြဖို့နဲ့ အသံချဲ့စက်တွေနဲ့ လိုက်အော်နေတယ်လို့ သိရပါတယ်။ 



news-view-count-icon

15