back

ရန်ကုန်၌ ချားလ်စ်ဘုရင်တည်ထောင်ထားသည့် ဖောင်ဒေးရှင်းမှဦးစီးပြီး'အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့'ပွဲကျင်းပခဲ့

Mar 09 • 7:04 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၌ ချားလ်စ်ဘုရင်တည်ထောင်ထားသည့် ဖောင်ဒေးရှင်းမှဦးစီးပြီး'အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့'ပွဲကျင်းပခဲ့

ချားလ်စ်ဘုရင်မင်းမြတ်တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်း Turquoise Mountain Myanmar မှဦးစီးကျင်းပတဲ့'အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့'လက်မှုအနုပညာပြပွဲ၊လက်မှုပစ္စည်း...

ချားလ်စ်ဘုရင်မင်းမြတ်တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်း Turquoise Mountain Myanmar မှဦးစီးကျင်းပတဲ့'အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့'လက်မှုအနုပညာပြပွဲ၊လက်မှုပစ္စည်းအရောင်းပွဲကို မတ်လ(၈)ရက်မှာ ကျင်းပခဲ့ပါတယ်။ပြပွဲမှာ အမျိုးသမီးတွေဖန်တီးထားတဲ့ လက်မှုချည်ထည်၊ယက်ကန်းထည်၊ ကြိမ်ထည်၊ သဲပန်းချီအိတ်တွေ၊ မြေထည်၊ ချည်အရုပ်တွေ၊မြေအရုပ်တွေနဲ့ Turquoise Mountain Myanmar မှဖန်တီးထားတဲ့ ယွန်းထည်၊ရွှေထည်လက်ရာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ပြပွဲမှာ အမျိုးသမီးအနုပညာရှင်၊လက်မှုပညာရှင်တွေဖန်တီးထားတဲ့ လက်ရာတွေကို ခင်းကျင်းပြသ၊ရောင်းချခဲ့သလို In collaboration with Prevent Plastics+ and other partner organizations ကအမျိုးသမီးတွေ ဦးဆောင်တဲ့ ဆိုင် ၄၄ ဆိုင်ပါဝင်တဲ့ လက်မှုဈေးကို တစ်နေ့တာလုံး ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

26