back

မန္တလေးတိုင်းရှိ ရွှေသိမ်တော်ဘုရားသို့ စာမေးပွဲအကြိုကာလ နေ့စဉ်ဘုရားဖူး ၁၀,၀၀၀ အထက် လာရောက်ဖူးမြော်သူ များလာ

Mar 09 • 3:54 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းရှိ ရွှေသိမ်တော်ဘုရားသို့ စာမေးပွဲအကြိုကာလ နေ့စဉ်ဘုရားဖူး ၁၀,၀၀၀ အထက် လာရောက်ဖူးမြော်သူ များလာ

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလအတွင်း ကျောက်ဆည်ရွှေသိမ်တော်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၁၀,၀၀၀ နှင့်အထက် ဝင်ရောက်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့နှင့်နီးစပ်သူများထံ...

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလအတွင်း ကျောက်ဆည်ရွှေသိမ်တော်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၁၀,၀၀၀ နှင့်အထက် ဝင်ရောက်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ဘုရားဖူးလာရောက်သူများအနက် အများစုမှာ အဓိဋ္ဌာန်ဝင်ပုတီးစိပ်ခြင်း၊ ဘုရားနှင့်ပုဂ္ဂိုလ်ထူးများအတွက် ကန် တော့ပွဲ (အုန်း/ငှက်ပျောပွဲ)ပေးလှူခြင်း စသဖြင့် ဘာသာရေးဓလေ့ထုံးတမ်းအစဉ် အလာအမှုများ ပြုလုပ်ဆောင်ရွက်ကြကြောင်း ၎င်းတို့က ဆိုသည်။မှန်ရက်များတွင်ပင် နေ့စဉ် ဘုရားဖူးလာရောက်သူ ၁၀,၀၀၀ နှင့်အထက်ရှိနေပြီး ရုံးပိတ်ကျောင်းပိတ်နှင့် အခါကြီးရက်ကြီးများတွင် ယင်းထက်နှစ်ဆကျော်ပိုများကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ရွှေသိမ်တော်ဘုရား (မဟာရွှေသိမ်တော်မြတ်စွာဘုရား)သည် အဓိဋ္ဌာန် အောင်ဆုတောင်းပြည့်ဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။

news-view-count-icon

12