back

ပဲခူးတိုင်းအတွင်းရှိ ဘုရားစေတီများတွင် နဂါး မပူးရ အမိန့်ထုတ်ထားဟုဆို

Mar 09 • 1:52 AM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်းအတွင်းရှိ ဘုရားစေတီများတွင် နဂါး မပူးရ အမိန့်ထုတ်ထားဟုဆို

ပဲခူးတိုင်းအတွင်းရှိ ဘုရားစေတီနှင့် နဂါးရုံ ဘုရားများတွင် နဂါး မပူးရဟု ပဲခူးတိုင်းအစိုးရက အမိန့်ထုတ်ထားကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က ပဲခူးတိုင်...

ပဲခူးတိုင်းအတွင်းရှိ ဘုရားစေတီနှင့် နဂါးရုံ ဘုရားများတွင် နဂါး မပူးရဟု ပဲခူးတိုင်းအစိုးရက အမိန့်ထုတ်ထားကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကသစ်ပင်အုပ်စု၊ တဲစုကျေးရွာ၊ တဲစုဘုန်းကြီးကျောင်းအတွင်း တည်ထားကိုးကွယ်သည့် နဂါးရုံဘုရားတွင် အမျိုးသမီး သုံးဦး နတ်ဝင်ချင်ဟန်ဆောင်ပြီး နဂါးပူးခဲ့သောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းအမျိုးသမီး သုံးဦး နဂါးပူးသည့် ဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီးနောက် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတ၊ ဦးဆောင်လမ်းညွှန်သူ ဦးစန်းနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းအေးနှင့် နဂါးပူးသူ အမျိုးသမီး ၃ ဦးကို မြို့နယ်သံဃနာယက အဖွဲ့က ခံဝန်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

news-view-count-icon

22