ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်တွေကို စုံ ၊ မ ခွဲခြားသတ်မှတ်ရာမှာ ၂ နဲ့စားလို့ ပြတ်ရင် " စုံ "ဂဏန်းဖြစ်ပြီး ၂ နဲ့စားလို့ အကြွင်းကျန်ရင် "မ " ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတ်မှတ်ထုတ်ပြန် မှုအရသိရ ပါတယ်။ ဒါကြောင့် ဆိုင်ကယ်တွေကို စုံ / မ ခွဲရာမှာ ဆိုင်ကယ်နံပါတ်ပြားမှာပါရှိတဲ့ W အရှေ့က ဂဏန်းကိုသာ စုံ / မ ယူပြီး သတ်မှတ်ကာ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ စက်သုံးဆီ အရောင်းဆိုင်တွေကလည်း ဆိုင်ကယ်တွေကို ဆီရောင်းချပေးရာမှာ W အရှေ့က ဂဏန်းကိုကြည့်ပြီးသာ စုံ / မ ခွဲပြီး ဆီရောင်းချပေးတာ ဖြစ်တယ်လို့ သိရပါတယ် ။ စုံ ၊ မ ရက်နဲ့ပတ်သက်ပြီး အသိပေးကာလကို မတ် ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး လက်ရှိမှာ ယာဥ်ထိန်းရဲတပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့ ၊ ထွေအုပ် ၊ စည်ပင် အပါအဖွဲ့စုံ ပူးပေါင်းပြီးစုံ ရက်မှာ စုံဂဏန်းနံပါတ်ကားနဲ့ ဆိုင်ကယ်တွေသာ အပြင်ထွက်ဖို့ ၊ မ ရက်မှာ မဂဏန်းနံပါတ်ကားတွေသာ အပြင်ထွက်ဖို့ကို အသိပညာပေးနေပါတယ်။



