back

တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်

Mar 08 • 2:38 PM

breaking-news

Myanmar

Local

cover

တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်

တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်...

တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ ရဲအယောင်ဆောင်ထားသူဟာ ဆိုင်ကိုမလာခင် အဲဒီဆိုင်က မန်နေဂျာကို အရင်ဆုံး ဖုန်းဆက်ပြီး ရွှေအတု ရောင်းချတဲ့ကိစ္စ ဖြေရှင်းဖို့ တာမွေရဲစခန်းကို ခဏလာခဲ့ဖို့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လာသူဟာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး အင်္ကျီအမည်း၊ ဘောင်းဘီအမည်း ဝတ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နေ့လယ် ၂ နာရီဝန်းကျင်မှာ တာမွေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာမှာ ပစ္စည်း ပါမသွားတဲ့အတွက် လုယက်မှုနဲ့ အမှုဖွင့်လို့မရသလို မတရား ချုပ်နှောင်မှုနဲ့လည်း အမှုဖွင့် အရေးယူလို့ မရကြောင်း ရဲစခန်းက ပြန်လည် ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။




news-view-count-icon

28