back

ပီကန်မီးပွိုင့်မှာ အမြန်ဘတ်စ်ကား Mitsubishi Triton ကို ဝင်တိုက်မိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့

Mar 08 • 11:25 AM

breaking-news

Malaysia

Local

cover

ပီကန်မီးပွိုင့်မှာ အမြန်ဘတ်စ်ကား Mitsubishi Triton ကို ဝင်တိုက်မိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့

ယနေ့နံနက်အစောပိုင်းက Jalan Pekan-Kuantan ကီလိုမီတာ ၄၂ အနီး မီးပွိုင့်လမ်းဆုံတွင် အမြန်ဘတ်စ်ကားဖြင့် လိုက်ပါလာသည့် မလေးရှားနိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ထို...

ယနေ့နံနက်အစောပိုင်းက Jalan Pekan-Kuantan ကီလိုမီတာ ၄၂ အနီး မီးပွိုင့်လမ်းဆုံတွင် အမြန်ဘတ်စ်ကားဖြင့် လိုက်ပါလာသည့် မလေးရှားနိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။



Utusan Malaysia ၏ ပြောကြားချက်အရ Pekan ခရိုင်ရဲမှူး Mohd Zaidi Mat Zin မှ ဖြစ်စဉ်မှာ နံနက် ၂ နာရီ ၅၃ မိနစ်ခန့်တွင် Pulau Serai မှ Pekan ဘက်သို့ မောင်းနှင်လာသည့် Mitsubishi Triton သည် မီးပွိုင့်တွင် ရပ်တန့်သွားကြောင်း သိရသည်။


“ရုတ်တရက် ခရီးသည် ၂၄ ဦး တင်ဆောင်လာတဲ့ အမြန်ဘတ်စ်ကားတစ်စီး အနောက်ကနေ ဆင်းလာပြီး သေဆုံးသူတွေ တင်ဆောင်လာတဲ့ ယာဉ်ကို ဝင်တိုက်မိခဲ့တယ်” ဟု ၎င်းက ဆိုသည်။


သေဆုံးသူမှာ Mitsubishi Triton ၏ အနောက်ဘက်တွင် ထိုင်နေသည့် ထိုင်းနိုင်ငံသား Hosneeamree (24) နှစ်ဖြစ်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။




news-view-count-icon

2