စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ အသုံးပြုခွင့်ပေးတာမှာ ဆိုင်ကယ်တွေပါလို့ အခြေခံလူတန်းစားတွေ ခက်ခဲတယ်လို့ သိရပါတယ်။ မန္တလေးမြို့ဆိုတာက ဆိုင်ကယ်အသုံးပြုမှုက အရေးပါတယ်၊ အလုပ်သွားနေကြတဲ့သူတွေရှိတယ်၊ အလုပ်မသွားဘူးဆိုတာတောင်မှ မိသားစုကျန်းမာရေး၊ လူမှုရေးကိစ္စတွေရှိတယ်၊ တချို့ဆို ဆေးရုံဆေးခန်း ပြနေရတယ်၊ ဆိုင်ကယ်တစီးထဲရှိတယ်ဥပမာ မိသားစုဝင် နှစ်ဦးသုံးဦးရှိတဲ့သူတွေက ပြဿနာမရှိပေမယ့် နှစ်ယောက်တည်းရှိတဲ့သူက အိမ်ပြန်ပြီး အဝတ်တွေယူရမယ် အဲ့လိုလူတွေအတွက်က စုံ မ ကိစ္စက အတော် ဒုက္ခရောက်တယ်၊ ဆိုင်ကယ်တစီးထဲရှိတော့ ဆိုင်ကယ်တက္ကစီနဲ့သွားရမှာလား မီနီအိုးဝေနဲ့ သွားရမှာလား အဲ့ဒီအတွက် ကုန်ကျစရိတ်တွေ ပိုလာပြီလေ ဒါက ကျန်းမာရေးအတွက် ပြောတာ နောက်တခုက အများပြည်သူအတွက် transportation ကောင်းကောင်းမရှိတဲ့မြို့မှာ သာမာန်အလုပ်သွားတဲ့ ရုံးဝန်ထမ်းတဦး ဘယ်လိုသွားမှာလဲ စုံနေ့မှာတော့ သူ့ဆိုင်ကယ်က စုံဖြစ်လို့ အလုပ်သွားရပေမယ့် မ ရက်ကျရင် သူနဲ့ အလုပ်အတူတူ သွားတဲ့သူတွေကို သူအကူအညီတောင်းရတော့မယ်၊ ကားသမားကတော့ လူငါးယောက်စာအတွက် ပြဿနာဖြေရှင်းနိုင်ပေမယ့် ဆိုင်ကယ်က အနည်းဆုံး တယောက်ကို တစီးနှုန်းနဲ့ သွားလာနေတဲ့သူတွေအတွက်တော့ တော်တော်ကို အဆင်မပြေတာ" လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။ စုံ မ စနစ် ကို မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိကို ပညာပေးကာလအဖြစ် သက်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစတင်ပြီး ဖမ်းဆီးရမယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့တွေကို ရည်ညွှန်းစာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ 
Mar 08 • 8:57 AM
Myanmar
Local
Share
| 30 | 0 | 0 | 0 |


