back

(၁၀၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “ရေရှည်တည်တံ့သော ဝါသီးနှံစိုက်ပျိုးရေးစနစ်ဖြင့် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေး

Mar 08 • 4:16 AM

breaking-news

Myanmar

Local

breaking-news
cover

(၁၀၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “ရေရှည်တည်တံ့သော ဝါသီးနှံစိုက်ပျိုးရေးစနစ်ဖြင့် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေး

နေပြည်တော်တွင် မတ် ၇ရက်ကတောင်သူများအချင်းချင်း လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင်ကြုံတွေ့ရသည့် အခက်အခဲပြဿနာ...

နေပြည်တော်တွင် မတ် ၇ရက်က

တောင်သူများအချင်းချင်း လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင်ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ရေးနှင့် နည်းပညာပြန့်ပွားစေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပလျက်ရှိသည့် အပတ်စဉ် (၁၀၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ဆွေးနွေးချက်များအပေါ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြစ်သားမြို့နယ်များမှ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည့် ဝါစိုက်တောင်သူများက မိမိတို့ဒေသအလိုက် ကြုံတွေ့နေရသည့် ပေါင်းမြက်ကျရောက်မှု ပြဿနာများ၊ ပိုးမွှားကျရောက်မှုပြဿနာများနှင့် ဈေးကွက်အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာပညာရှင်များက အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။



news-view-count-icon

26