back

ဟင်းသီးဟင်းရွက် အဓိက စားသုံးသူများ၌ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ဟုဆို

Mar 08 • 4:12 AM

breaking-news

Myanmar

Local

breaking-news
cover

ဟင်းသီးဟင်းရွက် အဓိက စားသုံးသူများ၌ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ဟုဆို

ဟင်းသီးဟင်းရွက် အဓိက စားသုံးသူများ၌ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသ...

ဟင်းသီးဟင်းရွက် အဓိက စားသုံးသူများ၌ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ဟင်းသီးဟင်းရွက် အဓိကစားသုံးသူများဟာ အသားအဓိက စားသုံးသူများနှင့် နှိုင်းယှဉ်ပါက အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၄၁ ရာခိုင်နှုန်း ပို၍ မြင့်မားသော်လည်း အသားစားသုံးမှု လျှော့ချခြင်းကြောင့် ကောင်းကျိုးများရှိနိုင်ကြောင်းလည်း ပညာရှင်များက သုံးသပ်ပြောကြားထားပါတယ်။ပညာရှင်များဟာ အသားစားသုံးမှုနှင့် ဟင်းသီးဟင်းရွက်စားသုံးမှု အပါအဝင် ဓာတ်စာပုံစံ ၅ မျိုးတို့ကြား ဆက်စပ်မှုကို လေ့လာဆန်းစစ်ခဲ့ပြီး လေ့လာမှု ရလဒ်များအရ ဟင်းသီးဟင်းရွက် အဓိက စားသုံးသူများတွင် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေများ ပုံမှန်ထက် နည်းပါးတာကို တွေ့ရတယ်လို့လည်း ပြောကြားထားပါတယ်။


news-view-count-icon

31