တစ်နေ့ကို ၃ ကြိမ်သွားတိုက်ပြီး ခံတွင်းကျန်းမာရေး စစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးပါက ရောဂါပြဿနာပေါင်း ၅၀ ကျော် ဖြစ်နိုင်ခြေ နည်းစေတယ်လို့ မင်နီဆိုတာ သွားဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ အဲ့ဒိုဂန်ကန်တာချီက ပြောပါတယ်။ ခံတွင်းကျန်းမာရေးက အလုံးစုံကျန်းမာရေးနဲ့ ဆက်စပ်နေကြောင်း ယခင်တည်းက သိရှိထားကာ အယ်ဇိုင်းမား၊ ကင်ဆာ၊ နှလုံးသွေးကြောရောဂါများ၊ ဆီးချိုစတာတွေနဲ့ ဆက်စပ်နေပါတယ်။
သုတေသနအရဆိုရင် ပုံမှန်သွားတိုက်ပြီး သွားဂရုစိုက်တတ်တဲ့ အလယ်အလတ်ရောဂါတွေ ရှိသူတွေဟာ ဦးနှောက်အသိဉာဏ်တုံ့ပြန်မှု များစွာသာလွန်တာ တွေ့ရပါတယ်။ ခံတွင်းရောဂါတွေမှ ဘက်တီးရီးယားတွေက သွေးကြောတွေ ဦးနှောက်တွေထဲထိ ဝင်ရောက်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေကာ အဆစ်အမြစ်နာခြင်း၊ အနည်စုပြုံခြင်းတို့ ဖြစ်လာစေပါတယ်။ ဥရောပနိုင်ငံအများစုက ခံတွင်းသန့်ရှင်းရေးနဲ့ ပတ်သက်လို့ သိပ်ပြီးဂရုမစိုက်ကြတာ တွေ့ရပါတယ်။



