back

တနင်္သာရီတိုင်း၊မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ

Mar 08 • 3:10 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။အု...

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။အုန်းဆီပြုလုပ်ရာတွင် အသုံးပြုသည့် အုန်းသားခြောက် တစ်ပိဿာဈေးနှုန်းမှာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင် ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။မြိတ်မြို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် လေးထောင်အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၁,၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိတော့ကြောင်းအုန်းသီးကုန်သည်အချို့ထံမှ သိရသည်။ထိုကဲ့သို့ ဈေးကျနေသဖြင့် အုန်းသားခြောက်လုပ်သူများ တွက်ခြေမကိုက်တော့ဘဲ အခက်ကြုံနေကြကြောင်း မြိတ်မြို့ ကန်ခေါင်းရပ်နေ အုန်းသားခြောက်လုပ်နေသည့် မြို့ခံတစ်ဦးက ပြောသည်။

news-view-count-icon

21