မန္တလေးတိုင်း၊မြစ်ငယ်မြို့တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မြေဈေး တဟုန်ထိုးမြင့်တက်လာ

Mar 08 • 1:56 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊မြစ်ငယ်မြို့တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မြေဈေး တဟုန်ထိုးမြင့်တက်လာ

မန္တလေးတိုင်းရှိ မြစ်ငယ်-ထုံးဘို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အနီး၀န်းကျင်ကျေးရွာများရှိ မြေဈေးများ တဟုန်ထိုးမြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ယခင...

မန္တလေးတိုင်းရှိ မြစ်ငယ်-ထုံးဘို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အနီး၀န်းကျင်ကျေးရွာများရှိ မြေဈေးများ တဟုန်ထိုးမြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ယခင်က ကျပ်သိန်း(၂၀၀)ခန့်ပင်မရှိသည့် ပေ(၄၀)ပတ်လည်ခန့် အိမ်ဝိုင်းတစ်ခုသည် လက်ရှိတွင် ကျပ်သိန်း (၄၅၀)၀န်းကျင် အထိ ဈေးမြင့်တက်လာကြောင်း ၎င်းတို့ကဆိုသည်။မြေဈေးနှုန်းမြင့်တက်နေသော်လည်း စိတ်ဝင်စားသူများပြားသဖြင့် အရောင်းအ၀ယ်လိုက်နေကြောင်း သိရသည်။မြစ်ငယ်-ထုံးဘို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် မန္တလေးမြို့၏တောင်ဘက် အမရပူရမြို့နယ်အတွင်းတည်ရှိပြီး စက်မှုလက်မှုနှင့် လူနေအိမ်ရာကဏ္ဍနှစ်ရပ် ဖော်ဆောင်နေသည့်စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတို့၏အကြားတွင်တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျပြီး ကုန်စည်စီးဆင်းမှုအတွက် အားသာချက်ရှိကြောင်း သိရသည်။

news-view-count-icon

26