back

UAE က ခရီးသည်တင်လေယာဉ် ဂျပန်ကို ရောက်ရှိ

Mar 07 • 1:56 PM

breaking-news

UAE

Local News

cover

UAE က ခရီးသည်တင်လေယာဉ် ဂျပန်ကို ရောက်ရှိ

အီရန်နိုင်ငံကို အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့က တိုက်ခိုက်တာနဲ့ အီရန်အစိုးရရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် လေကြောင်းခရီးစဉ်တွေမှာ အနှောင့်အယှက်ဖြစ်နေတ...

အီရန်နိုင်ငံကို အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့က တိုက်ခိုက်တာနဲ့ အီရန်အစိုးရရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် လေကြောင်းခရီးစဉ်တွေမှာ အနှောင့်အယှက်ဖြစ်နေတဲ့အကြား အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ ထွက်ခွာခဲ့တဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ရှိတဲ့ UAE နိုင်ငံနဲ့ Haneda လေဆိပ်၊ Narita လေဆိပ်နဲ့ Kansai လေဆိပ်ဆိုတဲ့ ဂျပန်လေဆိပ် ၃ ခုတို့အကြား ပြေးဆွဲတဲ့ ခရီးစဉ်တွေကို တနင်္ဂနွေနေ့မှာ ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း UAE နိုင်ငံကနေ ဂျပန်ကို အဲဒီလို ပျံသန်းရောက်ရှိလာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ UAE လေပိုင်နက်ကို ပိတ်ပင်လိုက်ပြီးနောက် အဲဒီဖျက်သိမ်းမှုတွေ ဖြစ်ပေါ်လာတာပါ။



news-view-count-icon

2