ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ သူ့ရဲ့တံကောက်ကြောဒဏ်ရာကို စပိန်မှာ သွားရောက်ကုသတော့မှာလည်းဖြစ်ပါတယ်။ဒီအကြောင်းကို Al-Nassr အသင်းနည်းပြ Jorge Jesus က အတည်ပြုပြောကြားခဲ့တာဖြစ်တယ်။ ၎င်းဟာ ရော်နယ်လ်ဒိုရဲ့ မူလမျှော်လင့်ထားတာထက် ပိုပြင်းထန်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။လက်ရှိအခြေအနေအရ ရော်နယ်လ်ဒိုတစ်ယောက် ဘယ်လောက်အနားယူရမယ်ဆိုတာ ခန့်မှန်းလို မရသေးပါဘူး။၎င်းဟာ စပိန်မှာ သူ့ရဲ့ သီးသန့် physiotherapist နဲ့ သွားရောက်ကုသမှာဖြစ်ကာရော်နယ်လ်ဒိုအနေနဲ့ အခုလအတွင်းကစားမယ့် ပေါ်တူဂီအသင်းရဲ့ နိုင်ငံတကာပွဲတွေကိုတော့ လွဲချော်ဖို့ များနေပါတယ်။
Mar 07 • 7:40 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


