ချယ်လ်ဆီးအသင်းနည်းပြ ရိုဆီနီယာက အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုသည် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများဖြစ်ကြသည့် ဟာလန်း၊ ဟာရီကိန်း၊ အမ်ဘာပေတို့နှင့် အဆင့်အတန်းတူညီသည့် ကမ္ဘာ့အဆင့်ကစားသမားဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်သည်။ ဂျော်အိုပတ်ဒရိုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အက်စတွန်ဗီလာအသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ ရရှိထားကာ ပရီးမီးယားလိဂ်တွင် ပယ်နယ်တီမပါဝင်ဘဲ ၁၄ ဂိုးဖြင့် ဟာလန်းပြီးနောက် ဒုတိယဂိုးအများဆုံး ဖြစ်နေသည်။ နည်းပြ ရိုဆီနီယာက ဂျော်အိုသည် လက်ရှိတွင် ထိပ်တန်းခြေစွမ်းကို တစ်သမတ်တည်း ပြသနေပြီး ၎င်း၏အရည်အသွေးများအရ မည်သည့်ကမ္ဘာ့အဆင့် တိုက်စစ်မှူးနှင့်မျှ လဲလှယ်နိုင်ခြင်းမရှိကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုတိုးတက်လာနိုင်သေးကြောင်း ထုတ်ဖော်ချီးကျူးခဲ့သည်။
Mar 07 • 4:49 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


