back

ကော်လာဂျင် (Collagen)ဖြည့်စွက်ဆေးများက ပါးရေနားရေတွန့်မှုကို မဟန့်တားနိုင် ဟုဆို

Mar 07 • 3:19 AM

breaking-news

Myanmar

Local

cover

ကော်လာဂျင် (Collagen)ဖြည့်စွက်ဆေးများက ပါးရေနားရေတွန့်မှုကို မဟန့်တားနိုင် ဟုဆို

ကော်လာဂျင် (Collagen) ဖြည့်စွက်ဆေးများ ရေရှည်သုံးစွဲခြင်းသည် အရေပြားတင်းအား မြှင့်တင်ပေးခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်းတို့ ရှိသော်လည်...

ကော်လာဂျင် (Collagen) ဖြည့်စွက်ဆေးများ ရေရှည်သုံးစွဲခြင်းသည် အရေပြားတင်းအား မြှင့်တင်ပေးခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်းတို့ ရှိသော်လည်း အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသည့် ပါးရေနားရေတွန့်မှု ပြဿနာကိုမူ မဟန့်တားနိုင်ကြောင်း ဗြိတိန်နိုင်ငံ အင်ဂျလီယာရပ်စကင်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားလိုက်သည်။ လူပေါင်း ၈,၀၀၀ ကျော် ပါဝင်သည့် လက်တွေ့စမ်းသပ်မှုပေါင်း ၁၀၀ ကျော်ကို လေ့လာဆန်းစစ်ပြီးနောက် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကော်လာဂျင်သည် ခန္ဓာကိုယ်အတွင်း သဘာဝအလျောက် ထွက်ရှိပြီး အရေပြား၊ အရိုးနှင့် တစ်ရှူးများကို အားဖြည့်ပေးသည့် ပရိုတင်းတစ်မျိုးဖြစ်သော်လည်း အသက်အရွယ်ကြီးလာသည်နှင့်အမျှ ယင်းပရိုတင်း ထွက်ရှိမှု လျော့နည်းလာတတ်ကြောင်း ပညာရှင်များက ရှင်းပြထားသည်။

news-view-count-icon

15