အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို (၄၁ နှစ်) သည် ပြီးခဲ့သည့် စနေနေ့က အယ်လ်ဖေဟာနှင့် ပွဲစဉ်တွင် ရရှိခဲ့သော တံကောက်ကြော ကြွက်သားဒဏ်ရာမှာ မူလမျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်နေကြောင်း သိရသည်။ အယ်လ်နာဆာနည်းပြ ဂျော့ချ်ဂျေးဇူး၏ ပြောကြားချက်အရ စီရော်နယ်လ်ဒိုသည် ဒဏ်ရာပြန်လည်သက်သာလာစေရန် အချိန်ယူအနားယူရမည်ဖြစ်ပြီး၊ ယခုလအတွင်း ပေါ်တူဂီအသင်းနှင့်အတူ ကစားရမည့် မက္ကဆီကို၊ အမေရိကန်တို့နှင့် ခြေစမ်းပွဲများတွင်လည်း ပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ယခုရာသီ ဆော်ဒီလိဂ်တွင် ၂၂ ပွဲကစား ၂၁ ဂိုးအထိ သွင်းယူထားပြီး အသင်းအတွက် အဓိကအားထားရသူဖြစ်သဖြင့် ၎င်း၏ ဒဏ်ရာအခြေအနေမှာ အသင်းအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။
Mar 07 • 3:18 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


