၅၉၉ ဒေါ်လာတန် MacBook Neo ကို Apple က မတ် ၄ ရက်မှာ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ Apple ထုတ်ကုန်တွေအနက် ဈေးအနည်းဆုံး လက်ပ်တော့ဖြစ်ပြီး ဈေးနှုန်းအလိုက် ဈေးကွက် အပြောင်းအလဲဖြစ်တဲ့ PC ဈေးကွက်မှာ ရွေးချယ်စရာ ပိုများလာမှာ ဖြစ်ပါတယ်။ မန်မိုရီချစ်ပ်ပြားတွေ ရရှိဖို့ ပြိုင်ဘက်တွေ ရုန်းကန်နေရချိန်မှာ Apple က ၅၉၉ ဒေါ်လာတန် လက်ပ်တော့ကို ထုတ်ခဲ့တာပါ။ ဒါဟာ Apple အတွက် PC ဈေးကွက်ထဲမှာ ဈေးအနည်းဆုံး entry အဆင့် လက်ပ်တော့ ထုတ်ကာ ဈေးကွက်ဝင်ရောက်မှုပဲ ဖြစ်ပါတယ်။ MacBook Neo ကို ၂၀၂၄ ခုနှစ်က iPhone 16 Pro မော်ဒယ်မှာ အသုံးပြုခဲ့တဲ့ A18 Pro ချစ်ပ်ပြား အသုံးပြုထားပါတယ်။ MacBook Neo ကို ဗုဒ္ဓဟူးနေ့ကစပြီး ကြိုတင်မှာကြားနိုင်ပြီး မတ် ၁၁ ရက်နေ့မှာ Apple Store တွေမှာ တင်သွားမှာဖြစ်ပါတယ်။



