back

ရှမ်း၊ညောင်ရွှေတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက်အသုံးအဆောင်ပစ္စည်းများကြက်ခြေနီမှ ထောက်ပံ့ကူညီ

Mar 06 • 7:41 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်း၊ညောင်ရွှေတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက်အသုံးအဆောင်ပစ္စည်းများကြက်ခြေနီမှ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ကြရသူများအတွက် အစားစာမဟုတ်သော အသုံးအဆောင်ပစ္စည်းများဖြစ်သည...

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ကြရသူများအတွက် အစားစာမဟုတ်သော အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အမျိုးသား/ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို မတ်လ (၅)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါသည်။ထိုသို့ထောက်ပံ့ပေးဝေရာတွင် ညောင်ဝန်းကျေးရွာမှ ငလျင်ဘေးသင့် အိမ်ထောင်စုပေါင်း (၁၂၃)စု တို့အတွက် အသုံးအဆောင်ပစ္စည်းများကို အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးငြိမ်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင် များနှင့် ကြက်ခြေနီဝန်ထမ်းများက အဆိုပါငလျင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးဝေ ထောက်ပံ့ခဲ့ပါသည်။


news-view-count-icon

21