၆.၃.၂၀၂၆ ရက်နေ့၊ ၀၉နာရီ ၀၀ အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၁၀) ထူထောင်ရေးရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးလုံခြုံရေးအတွက် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တစ်အိမ်တက်ဆင်း မီးသုံးစွဲမူများအား စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။



